ဘုတ်ပြင်း ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့သည် ပြည်တွင်းကုန်စည်ပို့ဆောင် စီးဆင်းမှုနှင့် အိမ်ဆိုင်လုပ်ငန်းများ ပုံမှန်လည်ပတ်လျက်ရှိသည်။
ဘုတ်ပြင်းမြို့နယ်၏ ယနေ့နံနက်ပိုင်းမှာ လက်ဖက်ရည်ဆိုင်များ၊ အစားအသောက် ရောင်းချသည့်ဆိုင်များနှင့် စားသောက်ကုန်စည်ပစ္စည်းများရောင်းချသည့် ဆိုင်များ ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ပုံမှန်ဈေးသွားဈေးလာဝယ်ယူမှုများရှိသည်ကိုလည်း တွေ့မြင်ရသည်။
ဘုတ်ပြင်းမြို့ ပြည်သူများအနေဖြင့် အသီးအရွက်၊ အသား၊ ဥနှင့် စားသောက်ကုန်တစ်ချို့အား ကော့သောင်းနှင့် မြိတ်မြို့တို့မှတစ်ဆင့် ဝယ်ယူတင်သွင်းမှုစားသုံးမှု ယခင်ကတည်းကရှိခဲ့ရာ ယခုကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး ကုန်စည်ကူးသန်းသွားလာမှု ပိတ်ပင်တားခြင်းမရှိသကဲ့သို့ ဒေသသုံးအခြေခံ စားသောက်ကုန် တင်သွင်းမှုများ ပုံမှန်အခြေအနေ ဖြစ်သည်။
အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ဆေး၊ ဆား၊ ငရုပ်၊ ကြက်သွန်နှင့် ပြည်တွင်းပို့ အခြားကုန်ပစ္စည်းများကိုလည်း မြိတ်မြို့မှတဆင့် မော်တော်ယာဉ်များဖြင့် ပုံမှန် ပို့ဆောင်မှုများရှိပြီး ပုံမှန်လည်ပတ်လျက်ရှိသည်။