ချောင်းဆုံမြို့နယ် (ပြောင်းရွှေ့)ပျံကျဈေးတွင် ဈေးဆိုင်ရှင်များအား ကိုဗစ်ဆေးထိုး လက်မှတ်များ စစ်ဆေး

ချောင်းဆုံ    ဒီဇင်ဘာ     ၁၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ဈေးသည်များအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အပတ်စဉ် သွားရောက်စစ်ဆေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်း က ချောင်းဆုံမြို့    မဟာကန်တော်ကြီးရှေ့ (ပြောင်းရွှေ့)    ပျံကျဈေးတွင်        ဈေးရောင်းချသူများကို ကိုဗစ်-၁၉ ဆေးထိုး  လက်မှတ်များ စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဈေးအတွင်း ရောင်းချလျက်ရှိသည့် ပျံကျဈေးသည်များကို  ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့်    ကိုဗစ်-၁၉ ဆေးထိုး   သက်သေခံ လက်မှတ်များကိုစစ်ဆေးပြီး ဆေးထိုးလက်မှတ်ပါရှိမှသာ ဈေးရောင်းချခွင့်ပြုကြောင်း၊ ဈေးရောင်းချ ရာတွင်လည်း နှာခေါင်းစည်းတပ်ဆင်ပြီးမှသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံတစ်ဦးထံမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)