ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီး

မိုင်းရှူး  ဒီဇင်ဘာလ  ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်း သာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် ခွင့်ပြုရန်ပုံငွေ ကျပ်(၉၈)သိန်းဖြင့် ဆောင်ရွက်သည့် ရပ်ကွက်(၄)ခန်းမ လမ်းကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်း ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်(၄)ခန်းမ လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ၉.၁၁. ၂၀၂၁ရက် နေ့မှ စတင် ခဲ့ပြီး ၅.၁၂. ၂၀၂၁ ရက်နေ့တွင် ပြီးစီးခဲ့ရာ ၁၅.၁၂.၂၀၂၁ရက်နေ့မှ ဖြတ်သန်းသွားလာခွင့်ပြုပြီ ဖြစ်ကာ လမ်းအရှည် (၃၂၀)ပေ၊ အကျယ် (၁၅)ပေ၊ ထု(၆) လက်မရှိပြီး၊ ၎င်းရပ်ကွက်တွင်နေထိုင် သည့် အိမ်ခြေ(၉၆၃)အိမ်၊ လူဦးရေ (၆၂၀၄)ဦးအတွက် အကျိုးပြုစေမည့်လမ်းဖြစ်ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)