ဘူးသီးတောင် ဒီဇင်ဘာ ၁၆
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့တွင်ကျရောက်သည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက် ၁၀နာရီအချိန် က ဘူးသီးတောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Communtty Centre ခန်းမ၌ ကျောင်းသား/သူ များအား ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ပြုလုပ်ကျင်းပသည်။
ရှေ့ဦးစွာ ဘူးသီးတောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဦးမြင့်ခိုင် က ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန် ကောင်းသော ယှည်ပြိုင်လိုစိတ်များရှိစေရန် အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်၍ ဗဟုသုတရရှိစေရေးအတွက် စာငှား/စာဖတ်ကြရန်၊ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် စည်းကမ်းချက်များအား ပြိုင်ပွဲဝင်သူများသိရှိစေရန် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ပန်းချီပြိုင်ပွဲကိုကျင်းပရာ အထက(၂)ဘူးသီးတောင်မြို့မှ မူလတန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လှကျော်