ဘောဂလိမြို့၌ ဆောင်းသီးနှံများ စိုက်ပျိုးလျက်ရှိ

ဘောဂလိ  ဒီဇင်ဘာ  ၁၇

၂၀၂၀-၂၀၂၁ခုနှစ် သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့၊ သပြေညွှန့်ကျေးရွာ၊ ဖြတ်လမ်းကူး ကျေးရွာတို့တွင် မိုးသီးနှံများ စိုက်ပျိုးပြီး လယ်ယာမြေများတွင် သီးထပ်အဖြစ် ဆောင်းသီးနှံများ စိုက်ပျိုးလျက် ရှိပါသည်။

ဆောင်းသီးနှံများအနေဖြင့် မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုတ်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုး သည်။ သီးနှံများအထွက်ကောင်းစေရန် ယူရီးယာနှင့် ရွက်မှန်းမြေဩဇာများရော၍ ပတ်ဖျန်း ပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်းများကို သီးနှံပင်များ သက်တမ်းတစ် လျှောက် ဆောင်ရွက်ပေးလျက် ရှိသည်။

ဆောင်းသီးနှံများ စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအား မြှင့်တတ်စေပြီး တောင်သူများလည်း ဝင်ငွေတိုးကာ အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိကြောင်း သိရသည်။

ဘောဂလိ(ပြန်/ဆက်)