နမ္မတူ ဒီဇင်ဘာ ၁၇
နမ္မတူမြို့နယ်တွင် စာဖြတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်/စာစောင်များအား စာပေဝါသနာပါသူများ လက်ဝယ်အရောက် အခမဲ့ဌားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီ အချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်း၊ စာကြည့်တိုက်လက်ထောက်-၃ဒေါ်ချစ်ချစ်ပိုင်နှင့် ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာအုပ်/စာပေဝါသနာပါသူ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အားလပ်ချိန်တွင် မိမိကြိုက်နှစ်သက်သည့် စာအုပ်/စာပေကောင်းများ ဖတ်ရှုလေ့လာနိုင်စေရေး ရည်ရွယ်၍ မြို့နယ်စီမံကိန်းရုံးနှင့် သတ္တုတွင်း အလုပ်သမားရေးရာဌာနသို့ ကွင်းဆင်း၍ ရွေ့လျား စာကြည့်တိုက်စနစ်ဖြင့် သုတရသစာအုပ်/စာစောင်များအား စာအုပ်/စာပေ ဝါသနာပါသူများ လက်ဝယ် အရောက် အမဲ့ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)