မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်ပြသ

မိုင်းပျဉ်း      ဒီဇင်ဘာ    ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ် ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နည်းလမ်းများကို လိုက်နာရန်၊ နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊ လက်ကိုဆပ်ပြာနှင့်ရေ အသုံးပြုပြီး စက္ကန့်၂၀ ကြာ ဆေးကြောရန် လူစုလူဝေး ရှောင်ရှားရန် စသည့်လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြသ ထားရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး အနေဖြင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)