(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပုံတူဆွဲပြိုင်ပွဲ နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်

နမ္မတူ   ဒီဇင်ဘာ   ၁၇

ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပုံတူဆွဲပြိုင်ပွဲကို  ယမန်နေ့နေ့လည် (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ပြိုင်ပွဲတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ် ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်း အဆင့် ပုံတူဆွဲပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲအားဆက်လက်ကျင်းပရာ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ထူးချွန်ဆုရရှိသူများအား မြို့နယ် ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက ထူးချွန်ဆုများပေးအပ်ချီးမြှင့်ကာ ပြိုင်ပွဲဝင်များအားလုံးကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)