လေးမျက်နှာ မြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေး Talk Show ကျင်းပ

လေးမျက်နှာ ဒီဇင်ဘာ ၁၇ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟုဌာန  Community Centre ခန်းမတွင် ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ပြည်သူများ ပန်းခင်းစီမံချက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် လေးမျက်နှာမြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းက ပန်းခင်းစီမံချက်ဖြစ်ပေါ်လာပုံအကြောင်းများ မေးမြန်းရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်မင်းဦးက စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် တရားမျှတသော အထွေထွေရွေးကောက်ပွဲဖြစ်ရန် လိုအပ်သောကြောင့် မဲဆန္ဒရှင်တိုင်း ဥပဒေအရကိုင်ဆောင်ခွင့် ရှိသောကတ်တစ်မျိုးမျိုးကို ကိုင်ဆောင်ခွင့်ရရှိနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ်တစ်မျိူးမျိူးရရှိစေရန် အထူးကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စီမံချက်ကာလကို (..၂၀၂၁)မှ(.၁၁.၂၀၂၂)အထိ (၁၈)လတာ ကာလသတ်မှတ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း စီမံချက်ပြီးမြှောက်မှုအနေဖြင့်(၃၅၆၆)ဦးရာထားခဲ့ပြီး ယခုအချိန်တွင်(၂၂၉၄)ဦးဆောင်ရွက်ပေးနိုင်ခဲ့ရာ လေးမျက်နှာမြို့နယ်အနေဖြင့်(၆၄.၃၂)ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအနေဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးသွားမှာဖြစ်ပြီး မရှိမဖြစ်လိုအပ်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုယ်စီကိုယ်ငှ လက်ဝယ်ရရှိပြီး ပြီးပြည့်စုံသော လူမှုဘဝကို ရရှိခံစားနိုင်စေရေးအတွက်လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” “ပန်းခင်းစီမံချက်ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ကျော်ဟိန်း