ပွင့်ဖြူ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦး စီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မဒဲအုပ်စု ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူ များနှင့်ကျောင်း သားကျောင်းသူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ကွင်းဆင်းပြု လုပ်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေးရာတွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးက မြို့နယ်အတွင်း ပန်းခင်းစီမံ ချက်ဖြင့်နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းပြု လုပ်ဆောင်ရွက် ပေးနေမှုများနှင့် မပျောက်ပျက်အောင် ကိုင်တွယ်ထိန်း သိမ်းရမည့်နည်းလမ်းများကို အသိပညာ ပေး ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မဒဲအုပ်စု ကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြု လုပ်သည့် ဒေသခံပြည်သူများနှင့်ကျောင်းသားကျောင်းသူ၁၂၅ဦး ခန့်အား နိုင်ငံသားစိစစ်ရေး ကတ်ပြား လက်ဝယ် ကိုင်ဆောင် ခွင့်ရရှိစေရေး အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး အခမဲ့ပြုလုပ် ဆောင်ရွက်ပေး ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့်ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသား စိစစ်ရေး ကတ်ပြား နှင့်အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ဝန်ဆောင်ပေးခြင်းကို ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုး စေရေး အတွက် နေ့စဉ်ရုံးပိတ်ရက်မရှိ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရကာကျန်ရှိသည့် ဒေသခံပြည် သူများ ကိုလည်း စဉ်ဆက်မပြတ်ကွင်း ဆင်းပြုလုပ်ဆောင် ရွက်ပေး သွားမည်ဖြစ် ကြောင်းမြို့ နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။
ခင်ဝါဝါလှိုင် (ပြန်/ဆက်)