ပန်းတောင်း ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဒေါင်းမြတ်နားကျေးရွာအုပ်စု၊ ဒေါင်းမြတ်နားကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံက်၁၀.၀၀နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်က မြစိမ်းရောင် စီမံကိန်းရန်ပုံငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ၂၀၂၁-၂၀၂၂ခု (၆)လ ဘတ်ဂျက်၌ အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများအား စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၈၀)ဦးအား (၂၁၈.၅)သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၉)ဦးအား (၂၉)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၃၈)ဦး (၄၄.၅)သိန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ(၂)ဦး (၅)သိန်းစုစုပေါင်း အသင်းသား(၁၂၉)ဦးထံသို့ စီမံကိန်းချေးငွေ (၂၉၇)သိန်းအား ထုတ်ပေး ခဲ့ကြောင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)