မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ကူညီသူများအား  ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်

မော်လမြိုင်     ဒီဇင်ဘာ         ၁၈

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်မှာ ကိုဗစ်- ၁၉ ပထမလှိုင်း ဖြစ်ပွားချိန်မှစ၍ တတိယလှိုင်း ကာလအထိ  ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တတိယလှိုင်းကာလအတွင်း ရောဂါကူးစက်ခံရသူများအတွက် ကန့်သတ်စောင့်ကြည့်ရေး စင်တာများ ဖွင့်လှစ်၍ ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်  အသွားအလာ ကန့်သတ်ခြင်းများဖြင့် လိုအပ်သည့် အစားအစာများ၊ အသုံးအဆောင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို  သက်ဆိုင်ရာဌာန ဝန်ထမ်းများ၊  စေတနာရှင် အသင်းအဖွဲ့များက ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊  အလားတူ ကုသရေးလုပ်ငန်းစဉ်များတွင် မရှိမဖြစ် လိုအပ်သည့် အောက်ဆီဂျင် ရရှိရေးကိုလည်း စေတနာရှင်ပြည်သူများက ပါဝင်ကူညီ လှူဒါန်းကြကြောင်း၊  ယခုအခါ  မြို့နယ်တိုင်း အောက်ဆီဂျင် ထုတ်လုပ်ပေးနိုင်သည့်  အောက်ဆီဂျင်စက်ရုံများ  filling plantများကို  မြို့နယ်တိုင်း လုံလောက်စွာ  ထုတ်လုပ် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ကာကွယ်ဆေးပထမအကြိမ်  ထိုးနှံပြီးသူ ၇၆ ရာခိုင်နှုန်း၊   ဒုတိယအကြိမ်  ထိုးနှံပြီးသူ ၆၁ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူ  ရည်မှန်းဦးရေ ၆၁ ရာခိုင်နှုန်း   ထိုးနှံပြီးစီးပြီဖြစ်ကြောင်း၊ အခြေခံပညာ ကျောင်းသား၊   ကျောင်းသ အနေဖြင့် ၈၀၁၁၄ ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့်   မိမိတို့ပြည်နယ်အတွက် ကာကွယ်ရေး လုပ်ငန်းများတွင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီသူများအားလုံး ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍  ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အထောက်အကူပြုအဖွဲ့များ၊ အလှူရှင်များ၊ တပ်မတော်ဆေး တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့များနှင့် အသင်းအဖွဲ့ စုစုပေါင်း(၉၀)ဦး တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်  ထောက်ပံ့ငွေ(၁၁၇)သိန်း  အသီးသီး ချီးမြှင့်ပေးပြီးနောက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ကျေးဇူတင်စကား ပြန်လည် ပြောကြားသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ထိန်းချုပ်ရေး   လုပ်ငန်းများ အတွက် အဘက်ဘက်က ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ လူမှုအကျိုးပြု လုပ်ငန်းများတွင် စေတနာရှင် အလှူရှင်များနှင့် ပရဟိတလူမှု ကူညီရေးအဖွဲ့များကလည်း တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း (ပြန်/ဆက်)