ပေါက်ခေါင်းမြို့ စည်ပင်သာယာမြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ပေါက်ခေါင်း  ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ‌ပေါက်ခေါင်းမြို့ စည်ပင်သာယာမြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စျေးကော်မတီဝင်များ ပူးပေါင်း၍ စျေးသူစျေးသားများအား မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများ၊ မီးသတ်ယာဉ်ဖြင့် မီးလောင်မှုအား ငြှိမ်းသတ်နည်းများဖြင့် တက်ရောက်လာသော ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ၊ ဈေးသူဈေးသားများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် အဖွဲ့များနှင့်ဈေးသူဈေးသားများက ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)