အုတ်တွင်း ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ ဦးဆောင်ပြီး ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညပိုင်းက မြို့ပေါ်၊ ရပ်ကွက်များအတွင်းသို့ မီးသတ်မော်တော် ယာဉ်ဖြင့် လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သတိပေးနှိုးဆောင်ရာတွင် လျှပ်စစ်မီးများသုံးစွဲရာတွင် ခံနိုင်ဝန်ထက် ပိုမိုအသုံးမပြုရေး၊ ထမင်းဟင်းများ ချက်ပြုတ်ရာ၌ မီးသတိပြု ဆောင်ရွက်ရမည့် အချက်များ၊ ဟောင်းနွမ်းသော လျှပ်စစ်ဝါယာမီးကြိုးများ အသစ်လဲလှယ် အသုံးပြုရေး၊ လျှပ်စစ်အသုံးပြုရာတွင် သတိထားရ မည့် အချက်များ၊ ဆေးလိပ်သောက်ရာတွင် သတိပြုဆင်ခြင်သင့်သည့် အချက်များ၊ ဖယောင်း တိုင်နှင့် လောင်စာဆီ အသုံးပြုရာတွင် သတိပြုသင့်သည့် အချက်များနှင့် နေ့စဉ် မီးဖိုအသုံးပြု စျေးရောင်းချသူများနှင့် အမှိုက်မီးရှို့ရာတွင် လိုက်နာရမည့် အချက်များ၊ တတ်နိုင်ပါက မီးသတ်ဆေးဘူးများ ထားရှိစေရေး စသည့်အချက်များ ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက် သွားကြရန် သတိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)