လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများအား ပြသဆောင်ရွက်ထား

လှိုင်းဘွဲ      ဒီဇင်ဘာ    ၁၈  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့်  အသိပညာဗဟုသုတများ အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံအား ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ ဥပဒေနှင့်အညီ ပြန်လည် စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား အမြန်ဆုံး ကုစားခြင်း၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) သဘောတူညီချက်များအတိုင်း အလေးထားဆောင်ရွက်ခြင်း၊ ဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပခြင်းနှင့် နိုင်ငံတော်စီမံအုပ်ရေးကော်စီ၏ ဦးတည်ချက်(၉)ရပ်အနေဖြင့် နိုင်ငံတော်အုပ်ချုပ်ရေးကော်စီမှ နိုင်ငံအတွင်း လက်ရှိဆောင်ရွက်နေသော နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး လုပ်ငန်းလုပ်ဆောင်မှု ဆောင်ရွက်ချက် မှတ်တမ်းများအား ပြသဆောင်ရွက်ထားလျက်ရှိရာ ဒေသနေပြည်သူများက လာရောက် ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

စောဒိ( ပြန် / ဆက်)