မြိုင်မြို့ယာယီပျံကျဈေးအနီးတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိ

မြိုင် ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းကို မြို့နယ်ယာယီဈေးအနီးတွင် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

မြိုင်မြို့နယ်တွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်း စဉ်များအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ အသံ ချဲ့စက်ဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းစသည့် အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ယာယီဈေးအနီးတွင် အသံချဲ့စက်ဖြင့် အသိပညာပေးခြင်း လုပ်ငန်းဖြစ်သည့် ဈေးဝယ်လာသူ မိဘပြည်သူများအနေဖြင့် Mask စနစ်တကျ တပ်ဆင်ရေး၊ Mask တပ်ဆင်ထားသည့် ဈေးရောင်းသူများထံတွင်သာ ဝယ်ယူရေးနှင့် လက်ကိုမကြာခဏ ဆေးကြောနိုင်ရေးစသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နည်းလမ်းများကို နေ့စဉ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

သူရ(ပုံတောင်)