ဖားဆောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ပြုလုပ်

ဖားဆောင်း ဒီဇင်ဘာ ၁၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံ နက်(၉)နာရီက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေး Talk Show တွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်နန်းသဲနုအောင်က မိတ်ဆက်စကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသိန်းဇော်က ယခုကာလသည် ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက်ပြည်သူများအနေဖြင့် မီးဘေးကြိုတင် ကာကွယ် ရေးအတွက် မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေအိတ် ချိတ်ဆွဲထားရန်လိုအပ်ပုံနှင့် အသုံးပြုပုံများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ ချက်ပြုတ်နေစဉ်ဆီကြော်အိုးများ မီးလောင်ပါက ဆောင်ရွက် သင့်သည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်နှင့် လိုက်နာရမည့် အချက်များ၊ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ မြို့နယ်အတွင်းမီးသတ်စခန်းခွဲ ဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ ယာဉ်၊ စက်နှင့် ဝန်ထမ်းအင်အားအခြေအနေများ၊ ဝန်ထမ်းများအားလေ့ကျင့်ပေးမှု အခြေအနေများ၊ မီးသတ်ဦးစီးဌာန၏ လတ်တလောဆောင်ရွက်ချက်များအား အကျယ်တဝင့် ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်းသိရသည်။

နန်းသဲနုအောင် (ဖားဆောင်း)