မြောင်းမြ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး ၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက် နေ့တွင် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်တော်ရရှိခဲ့သော ဒေါ်ချိုမာလွင် " သစ်လွင်" အိမ် ဆောက်ပစ္စည်းရောင်းဝယ်ရေးအား ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထပ်ဆင့်ချီးကျူး ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထပ်ဆင့် ချီးကျူးဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီကမြစိမ်းရောင်တောင်တော်ပေါ်ရှိ အောင်မင်းခေါင်ကြီး ဓမ္မသာလာဓမ္မာရုံကြီအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြီးမောင်မောင်ငြိမ်းက ဒေါ်ချိုမာလွင် အား ထပ်ဆင့်ဂုဏ်ပြုရခြင်းနှင့် ပရဟိတအသင်းများအား မှတ်တမ်းတင်ဂုဏ်ပြုရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကိုဗစ်-ထပ်ဆင့်ဂုဏ်ပြုရခြင်းနှင့် ပရဟိတအသင်းများ အား မှတ်တမ်းတင်ဂုဏ်ပြုရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ကိုဗစ်-၁၉ တတိယလှိုင်းတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော မြောင်းမြ ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များမှ ပရဟိတအသင်းများအား မှတ်တမ်းတင်ဂုဏ်ပြုလက်မှတ်များနှင့် အသုံးစရိတ်ငွေများအား တာဝန်ရှိသူများ အသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်ပြီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ တံဆိပ်တော်ရ ဒေါ်ချိုမာလွင်အား ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါမီမီစိုး၊ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဇနီး ဒေါ်မော်မော်သန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့က ထပ်ဆင့်ဂုဏ်ပြုလွှာများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက်အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်တော်ရဒေါ်ချိုမာလွင်က အခမ်းအနားသို့ တက်ရောက်လာကြသော ပရဟိတအဖွဲ့(၉)ဖွဲ့အားတစ်ဖွဲ့လျှင် နှစ်သိန်းနှုန်း ဖြင့် ၁၈ သိန်း ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဒေါ်ချိုမာလွင်သည် ၂၀၀၈ ခုနှစ်တွင် နိုင်ငံတော်မှချီးမြှင့်သော အမျိုးသမီးသာသနာ့နုဂ္ဂဟ ဒုတိယအဆင့်ဖြစ်သော သီဟသုဓမ္မသိင်္ဂီဘွဲ့ကိုရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အမျိုးသမီးအမြင့်ဆုံး ဘွဲ့ဖြစ်သော အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်တော်ကို ထပ်မံချီးမြှင့်ခံရသူဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် တစ်တည်းသော အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်တော်ရရှိသူအဖြစ် မှတ်တမ်းတင်ခံရသူတစ်ဦး ဖြစ်ကြောင်းသိရှိရပါသည်။
စန္ဒာကြည်