မင်းလှမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ နယ်‌မြေလုံခြုံ‌ရေးအတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်

အထက်မင်းလှ      ဒီဇင်ဘာ     ၁၈

မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ နယ်မြေလုံခြုံရေး အတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို မြို့ဝင်၊ မြို့ထွက်များတွင် တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးစစ်ဆေး ဆောင်ရွက်လျက်ရှိရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် မင်းလှမြို့အဝင် ညောင်ပင်သာကျေးရွာ အနီးရှိ စစ်ဆေးရေး ဂိတ်နှင့်   ဧရာဝတီတံတား(မလွန်) ဂိတ်တို့တွင်လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ဝင်ထွက်သွားလာမှုတွင် လုံခြုံရေးအရ စစ်ဆေးပေးနေမှု အခြေ အနေများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ဇာဇာ(အထက်မင်းလှ)