မုဒုံမြို့၌ ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မုဒုံ    ဒီဇင်ဘာ   ၁၈

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ပြည်သူများ ပန်းခင်းစီမံချက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်အတွင်းရှိ ကျောက်တလုံးကျေးရွာနှင့် ဘဲရမ်းကျေးရွာ ဓမ္မာရုံတို့၌ အသိပ ညာပေး ဟောပြောပွဲပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုဒုံမြို့ နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာအရှိ ဦးအောင်မော်က “မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားရေးဘဝ ပြည့်စုံမှုရှိ စေရန်အတွက်  သတ်မှတ်ချက်နှင့်ကိုက်ညီသည့်  ပြည်သူများကို    နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်အရောက်ထုတ်ပေးနိုင်ရန်  ပန်းခင်းစီမံချက်ကို  ၂၀၂၁  ခုနှစ်၊ မေလ ၃ ရက်နေ့မှစတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း” စသည့်အချက်များတို့ကို ရှင်းလင်းပြောကြားပေး သည်။

မုဒုံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ယနေ့အချိန်ထိ ရပ်ကွက်/ကျေးရွာစုစုပေါင်း (၄၂)အုပ် စုမှ နိုင်ငံသားစိစစ်ရေးကတ်နှင့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရန် ပြည်သူ( ၆၅၀၀) ကျော်ကို ပြုလုပ်ပေးနိုင်ခဲ့ပြီး အိမ်ထောင်စု လူဦးရေစာရင်း (၆၀၀၀)ခန့်ကို စိစစ်ပေးခဲ့ ပြီးဖြစ်ကြောင်း၊ ပြည်သူများထံလက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (၁၇၁၅)ကတ်ကို ထုတ်ပေးနိုင်ခဲ့ပြီးကြောင်း သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)