ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် နတ်တလင်းမြို့နယ်ရှိ တာပွန်တိုက်နယ်ဆေးရုံနှင့် မြို့နယ် ပြည်သူ့ဆေးရုံသစ် ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေး

နတ်တလင်း    ဒီဇင်ဘာ     ၁၈

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့် အဖွဲ့သည် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယမန်‌နေ့က ညနေ ၄ နာရီ အချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုး‌ဆွေနှင့် အဖွဲ့သည် နတ်တလင်းမြို့နယ် ချောင်းသုံးခွအုပ်စုရှိ ငွေပြည်တောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ခဲ့ပြီး သိမ်တော်ဆောက်လုပ်ရန် အလှူတော်ငွေ (၁၀) သိန်းကျပ်နှင့် န၀ကမ္မ အလှူတော်ငွေ အဖြစ် (၁)သိန်းကျပ်အား လှူဒါန်းခဲ့သည်။

ဆက်လက်၍၀န်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့နယ် တာပွန်တိုက်နယ်‌ေဆးရံုသို့ သွားရောက်ပြီး ဆေးရုံအုပ် ဒေါက်တာလှိုင်၀င်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးနှင့် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ပြီး ဆေးရုံအတွက် ငွေကျပ် (၁၀) သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့နယ် ရန်ကုန်-ပြည် ကားလမ်းဘေး ကံသာ ကျေးရွာအုပ်စုရှိ မြို့နယ်ပြည်သူ့ဆေးရုံအသစ် ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ပြီး ရန်ကုန်-ပြည် ကားလမ်း ဘေးတွင် ဖွင့်လှစ်ထားရှိသော ရွှေလင်းသုခအခမဲ့ဆေးခန်းအတွက် ငွေကျပ်(၅)သိန်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)