သတင်းများ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန၌ မာရင်ရင် ရေးသားသည့် “ပျော်ရွှင်ခြင်းတံခါးပေါက်” စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ
Dec 21,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများစုပေါင်း၍ စာရေးဆရာမ မာရင်ရင် ရေးသားသည့် “ပျော်ရွှင်ခြင်းတံခါးပေါက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးများထိုးနှံရေး အသိပေးနှိုးဆော်
Dec 21,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ လျော့ကျစေရန်နှင့် နောက်ထပ် ကူးစက်ဖြစ်ပွားလာသည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ် ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် မင်းပူးဦးဩဘာသခန်းမနှင့် စကုမြို့ကန်ဦး သဘာဝတရားရိပ်သာတို့တွင် ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း ယမန်နေ့ညနေ ၃ နာရီအချိန်က လှည့်လည် နှိုးဆော်ခဲ့ကြသည်။
ဘုရားသုံးဆူမြို့၌ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေး ဆောင်ရွက်
Dec 21,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကျရောက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်နိုင်ရန်အတွက် ဘုရား သုံးဆူမြို့ မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်နှင့်လူစည်ကားရာနေရာများတွင် မီးဘေးကြိုတင် ကာကွယ်ရေးအသိပညာပေး အကြောင်းအရာများအား ယမန်နေ့ ညနေ ၄ နာရီအချိန်၌ အသံချဲ့စက် ဖြင့် လှည့်လည်ကြေငြာခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ် မြန့်မာစီးပွားရေးဘဏ်တွင် ပင်စင်လစာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျှက်ရှိ
Dec 21,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစား ဝန်ထမ်းများကို ယနေ့နံနက်ပိုင်း က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများအား ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူကုန်ကူးမှု တိုက်ဖျက်ရေးအသိပညာပေးနံရံကပ် စာစောင်များပြသ
Dec 21,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
ဖာပွန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်
Dec 21,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်က‌လေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းများကို ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နေ့လယ် ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တံတားဦးမြို့တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 21,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိးမျိုး ထုတ်ပေးနိုင်ရေးလုပ်ငန်း လမ်းညွှန်ဖြစ်သည့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" လက်ကမ်း စာစောင်များကို ယနေ့နံနက် (၁၀) နာရီက တံတားဦး-မြို့သာ ကာလမ်း မြို့နယ်ခန်းမအနီး၌ ခရီးသွားပြည်သူများ ဖြန့်ဝေပေးကြ သည်။
မြစ်သားမြို့၌ ပန်းခင်းစီမံချက် အကြောင်းပြည်သူများသိရှိရန်  LED Board မော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 21,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသော ပန်းခင်းစီမံချက်အကြောင်း ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန်  LED Board  မော်တော်ယာဉ်ဖြင့်  အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက မြို့ပေါ် လူစည်ကားရာ နေရာများ၌ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။