မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသ မှုခံယူကြသည့် လူနာများအား သွားရောက်တွေ့ဆုံပြီး တည်ဆောက်ရေးလုပ်ငန်းများကွင်း ဆင်းကြည့်ရှု စစ်ဆေး
Dec 20,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရသွင်ကိုကိုတို့သည် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်အဖွဲ့များနှင့်အတူ ဒီဇင်ဘာလ ၁၉ရက် နံနက် ၉နာရီခွဲအချိန်က ပခုက္ကူမြို့၊အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူ နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များအား သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြား ခြင်း၊ ထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းများဆောင်ရွက်ကြပြီး ဆေးရုံကြီးအတွင်း တည်ဆောက်ထား ရှိသည့် အောက်ဆီဂျင်စက်ရုံ ပုံမှန်လည်ပတ်ထုတ်လုပ်ပေး နိုင်မှုအခြေအနေများကြည့်ရှုစစ် ဆေးခြင်း၊အရေးပေါ်လူနာကု သဆောင်များ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာသီးသန့်ကုသဆောင်၊ ကျောက်ကပ်တုသွေးသန့်စင်ခန်း၊ ခွဲစိတ်ကုသ ဆောင်နှင့် CCTV တပ်ဆင် ဆောင်ရွက်ထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက လိုက်လံရှင်းလင်းပြသသည်။