တံတားဦး ဒီဇင်ဘာ ၂၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိးမျိုး ထုတ်ပေးနိုင်ရေးလုပ်ငန်း လမ်းညွှန်ဖြစ်သည့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" လက်ကမ်း စာစောင်များကို ယနေ့နံနက် (၁၀) နာရီက တံတားဦး-မြို့သာ ကာလမ်း မြို့နယ်ခန်းမအနီး၌ ခရီးသွားပြည်သူများ ဖြန့်ဝေပေးကြ သည်။
အဆိုပါ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ပန်းခင်းစီမံချက်လက်ကမ်းစာစောင်တွင် အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်သင့်သော လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ခြင်းအကြောင်းအရာများ၊ လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိ ကိုင်ဆောင်လက်မှတ် မရှိသူများ အတွက် ဆောင်ရွက်ခြင်း၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ အိမ်ထောင်စုရှိပြီး လက်ရှိဒေသ၌ ကိုင်ဆောင်လက်မှတ် မရှိသူများအတွက် ဆောင်ရွက်ခြင်း၊ ရွေ့ပြောင်းနေထိုင်သူများ မူလဒေသ/လက်ရှိ ဒေသများတွင် အိမ်ထောင်စု/ ကိုင်ဆောင် လက်မှတ်မရှိသူများ ဆောင်ရွက်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပူးတွဲ တင်ပြရမည့် အထောက်အထားများ အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အချက်အလက်များ လိုအပ်သည့် စာရွက်စာတမ်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်သူများလိုက်နာရမည့် အချက်များစသည်တို့ကို စုံလင်စွာပါရှိပြီး အသိပညာပေး လက်ကမ်း စာစောင် (၅၀၀) ကို အခမဲ့ ဖြန့်ဝေပေးကြသည်။
တံတားဦးမြို့နယ် အနေဖြင့် ပန်းခင်းစီမံချက်ကာလ ခုနှစ်၊ မေလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ (၁၈) လကြာ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်ပြု လုပ်ပေးနိုင်ရေး အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ရာအိမ်မှူးများနှင့် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာများအလိုက် စာရင်းကောက်ယူ လျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်သန့်ဆွေထံမှ သိရသည်။
ရဲတင့်(တံတားဦး)