မြစ်သား ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသော ပန်းခင်းစီမံချက်အကြောင်း ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် LED Board မော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက မြို့ပေါ် လူစည်ကားရာ နေရာများ၌ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြစ်သားမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပြည်သူများကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိရေးကို ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူ များအနေဖြင့် ပန်းခင်းစီမံချက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် လူစည်ကားရာနေရာ များဖြစ်သည့် ရွှေမုဌောဘုရားရှေ့၊ မြို့မစျေးရှေ့နှင့်စျေးအတွင်း၊ အခွန်လွတ်စျေးရှေ့၊ မြစ်သား မြို့အဝင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးရှေ့နေရာများတွင် LED Board မော်တော် ယာဉ်ဖြင့် ပန်းခင်းစီမံချက်အကြောင်း၊ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများကို ပညာပေးပြသခဲ့သည်။
ထို့ပြင်ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်း(၄)ရပ်၊ နိုင်ငံသားကတ်လျှောက်ထား ရာတွင် ပါရှိရမည့်စာရွက်စာတမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းအတွက် လိုက်နာရမည့် အချက်များပါဝင်သည့် လက်ကမ်း စာစောင်ရေ( ၁၂၀၀ )ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းဆောင်ရွက်ရာသို့ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မောင်မောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေနှင့် ဝန်ထမ်းများ ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သီတာအောင်