ထန်းတပင်၌ မီးဘေးအန္တရာယ် ကင်းဝေးရေးအသိပေးနှိုးဆော်
Dec 21,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေး စေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်ဆောင်ရွက်နိုင်ရန် အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေး နှိုးဆော်မှုများကို ဒီဇင်ဘာလ (၂၀)ရက်နေ့၊ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ အသိပေး နှိုးဆော်မှုများကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။