စဉ့်ကိုင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ်(ဒုတိယ)အကြိမ်  ဆက်လက်ထိုးနှံပေးလျက်ရှိ

စဉ့်ကိုင်     ဒီဇင်ဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှအသက်(၁၈)နှစ်အထက်  ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပဉ္စမအသုတ် (ဒုတိယ) အကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ   ယနေ့တွင်(၃၇၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုမြို့နယ်ပြည်သူ့   ကျန်းမာရေးဦးစီးဌာနမှူး   ဒေါက်တာသိမ့်အိသူ    (ပြည်သူ့ကျန်းမာ)   ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင်(ရောဂါ နှိမ်နှင်းရေး)ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာ ရေးမှူး)တို့က ဦးဆောင်၍  ကျန်းမာရေး၀န်ထမ်းများ၊  မြို့နယ်အထွေထွေ  အုပ်ချုပ်ရေး ဦးစီးဌာနမှ    ၀န်ထမ်းများ၊မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတ အသင်း အဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍   ပဉ္စမအသုတ် ဒုတိယအကြိမ်    ကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ်  ကုသရေးကော်မတီဥက္ကဋ္ဌ ၏ကြီးကြပ်မှုဖြင့်  Omicron အပါအဝင်  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း  ရောဂါပိုးကို သတိပြု ကာကွယ်ရန်နှင့်ကူးစက်  ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့်   ရောဂါ ကူးစက်မှု   လျော့နည်းစေရေးအတွက်   သက်ဆိုင်ရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ် တပ်ဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့ ၀င်များနှင့်ပူးပေါင်းပြီး    ပြည်သူများသိရှိလိုက်နာစေရန်၊   အသံချဲ့စက်များ  ၊Hand Spaker များဖြင့်     လှည့်လည်ပြီး   အသိပညာပေး    နှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများ အတွင်း  ပိုးသတ်ဆေးများ  ဖြန်းပေးခြင်း၊  ဒေသန္တာရ စည်းကမ်းချက်များ၊ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသော  ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများ   ဆောင်ရွက် ပေးလျက်ရှိပြီးအသက်(၁၈)နှစ်အထက် ပြည်သူများကိုပဉ္စမအသုတ်(ဒုတိယ)အကြိမ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ(၂၀)ရက်နေ့အထိ (၅၉၀၅)ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိ သူများကိုလည်း ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း  မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ထံက သိရသည်။

ညိုညိုဝင်း