ပျော်ဘွယ် ဒီဇင်ဘာ ၂၁
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် နေ့ထူးနေ့မြတ်အလိုက် နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေးအကြောင်းအရာများကို လစဉ်အသစ်လဲလှယ်၍ ပြသဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်း ဓာတ်ပုံများအား ယမန်နေ့ ညနေပိုင်းမှစတင်ကာ ပြသထားခဲ့ကြောင်း သိရသည်။
ယနေ့အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို ပြည်သူများသိရှိစေရေး၊ လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ လွယ်ကူစွာ လေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဆောင်ရွက်မှုမှတ်တမ်းများ၊ ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ဗီနိုင်းပိုစတာပြုလုပ်၍ မြို့နယ်ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသထားခြင်းဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)