ရွှေကူမြို့၌ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးထည့်ခြင်း အခမ်းအနားပြုလုပ်

ရွှေကူ    ဒီဇင်ဘာ    ၂၁

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်အတွင်း ငါးသယံဇာတများကို ထိန်းသိမ်းခြင်း ဖြင့် ငါးရိက္ခာဖူလုံစေရန် ၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ် ငန်းများဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက် ထည့်ခြင်းကို ယနေ့နံနက်   ၁၀  နာရီခန့်က အမှတ်(၃)ရပ်ကွက်ရှိ မြို့ကုန်းရေဆိပ် ပြည်တော်သာ တံတားအနီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ငါးမျိုးထည့်ခြင်းသို့ ဗန်းမော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင် နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက  နှစ်လက်မအရွယ်ရှိ  ငါးခုံးမငါးသားပေါက်ကောင်ရေ (၁၈၀၀၀၀) ၊ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၂၀၀၀၀) စုစု ပေါင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀၀) တို့ကို ဧရာဝတီမြစ်အတွင်း လွတ်ပေးခဲ့ကြောင်းသိ ရသည်။

ရွှေကူမြို့နယ်အတွင်း ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူ လုံစေရန်၊ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေ ရန်၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် နှင့် ငါးသယံဇာတများကို ထိန်း သိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရန် နှင့်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို  ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ထံမှ သိရှိရ သည်။