သာစည်မြို့နယ် အခြေခံမဲဆန္ဒရှင်လူဦးရေစာရင်း ပြုစုခြင်းလုပ်ငန်း သတ်မှတ်ကာလအတွင်း ပြီးစီးရေး ပေါင်းစပ်ညှိနှိုင်း စည်းဝေး

သာစည် ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် မြို့နယ်‌ရွေးကောက်ပွဲ‌ကော်မရှင် အဖွဲ့ခွဲရုံးမှ အခြေခံမဲဆန္ဒရှင် လူဦးရေစာရင်း ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလ အတွင်း ပြီးစီးရေး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းစည်းဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညှိနှိုင်းဆွေး‌နွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အခြေခံမဲဆန္ဒရှင် လူဦးရေစာရင်း ပြုစုခြင်းလုပ်ငန်းများကို‌ ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ‌ ကော်မရှင်မှ ပြန်လည်ပေးပို့လားသည့် စာရင်းများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၏ အိမ်ထောင်စုဇယားပုံစံ (၆၆/၆) များနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ‌ရွေးကောက်ပွဲတွင် အသက်ပြည့်မီလာမည့်သူများအား ထပ်မံဖြည့်သွင်းခြင်း၊ အိမ်ထောင်စုစာရင်းတွင် ပါရှိသော မွေးသက္ကရာဇ်များမှ မြန်မာခုနှစ်များအား အင်္ဂလိပ်ခုနှစ်သို့ ပြောင်းလဲပြင်ဆင်ရခြင်း၊ မြေပြင်တွင် ပြောင်းရွေ့နေထိုင်သော်လည်း ပြောင်းဝင်/ပြောင်းထွက် ပြင်ဆင်ထားခြင်းမရှိ၍ စာရင်းထပ်နေ၍ နှစ်ကြိမ်သုံးကြိမ်ပါဝင်သည့် စာရင်းများ အမှန်ရရှိရေး ဆောင်ရွက်နေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်ဌာနဆိုင်ရာများမှ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေးအတွက် စာရင်းပြုစု ဖြည့်သွင်းခြင်း လုပ်ငန်းများ သတ်မှတ်ကာလ အတွင်း ပြီးစီးရေး ပူးပေါင်း ဆောင်ရွက်ပေးကြရန် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဦးစီးအရာရှိ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးအရာရှိတို့က လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများက ပူးပေါင်းဆောင်ရွက်သွားမည့် အခြေ အနေများအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်