သာပေါင်း ဒီဇင်ဘာလ ၂၁
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အောက်စီဂျင်စက်ရုံ၊ သစ်တော ဦးစီးအရာရှိ ရုံးအဆောက်အဦးသစ်၊ ရွှေညောင်ပင်တန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲများ သို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီအချိန်က တတ်ရောက် ဖဲကြို့းဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊မြို့မိမြို့ဖဦးအောင်ကိုကိုဆန်းတို့က အောက်ဆီဂျင်စက်ရုံဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး အမွှေးနံ့သာရေများ ပတ်ဖျန်းပေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တိုင်းကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းတို့က ထောက်ပံ့ငွေကျပ်(၅၀၀၀၀၀)ကျပ်ကို မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမီမီခိုင်ထံသို့ပေးအပ်ခဲ့ကြသည်။ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် သစ်တောဦးစီးအရာရှိ ရုံးအဆောက်အဦး သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရေများ ပတ်ဖျန်းကြသည်။
ထို့နောက်အမှတ်(၁)ရပ်ကွက်၊ရွှေညောင်ပင်တန်းလမ်း ကွန်ဂရစ်လမ်းသစ်ကို ဆက်လက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့သည်။ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် အ၊ထ၊က သာပေါင်းကျောင်းသို့ သွားရောက်၍ စာသင်ကြားမှု အခြေအနေများအား လှည်လည်ကြည်ရှုခဲ့ကြပြီး ကျောင်းသုံးပစ္စည်းများ၊ လက်သန့်ဆေးရည် များနှင့် ထောက်ပံ့ငွေကျပ် (၅၀၀၀၀၀)ကျပ်တို့ကိုမြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်သက်နိုင်ထံ သို့ပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း