ထန်းတပင်(ရန်ကုန်)၊ ဒီဇင်ဘာလ ၂၁ ရက်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေး စေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်ဆောင်ရွက်နိုင်ရန် အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေး နှိုးဆော်မှုများကို ဒီဇင်ဘာလ (၂၀)ရက်နေ့၊ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ အသိပေး နှိုးဆော်မှုများကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မီးသတ်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင်လည်း မြို့နယ်မီးသတ်ဦးစီး ဌာန လက်ထောက်ဦးစီးမှူး ဦးအုန်းဝင်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက်လမ်းများ တလျှောက် မီးဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက် ခဲ့ကြကြောင်းလည်းသိရသည်။
အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင်လည်း ရပ်ကွက်အတွင်းရှိနေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအားသတိထားကိုင်တွယ်ကြရန်၊ တရားမဝင် လောင် စာဆီများသိုလှောင်ခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန်၊ လမ်းသွားရင်း ဆေးလိပ် သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိရေအိုး၊ ရေစည်များကိုရေဖြည့် ထားရှိရန်နှင့်အမှိုက်များ မီးရှို့လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေး ပို့ဆောင်ရွက်သွားရန်တို့ကို မြို့ပေါ်ရပ်ကွက် လမ်းများတလျှောက် မီးသတ်ကားဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ကလိုက်လံ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)