သတင်းများ

ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အရိုးကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်
Dec 21,2021
ဖြူး ဒီဇင်ဘာလ ၂၁ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ အရိုးကျီးပေါင်း ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ဖြူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၁)အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 21,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်းများကို ယနေ့နံနက် ၇ နာရီ က စည်ပင်သာယာမြို့မဈေး၊ ဈေးရပ်ကွက်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သုခရတနာပရဟိတအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့သည်။
ရပ်စောက်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိ
Dec 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ (Mask Campaign) ပြုလုပ်ဆောင်ရွက်
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask)မဖြစ်မနေတပ် ဆင်သွားလာရေး အသိပညာပေး (MaskCamapaign)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန့်မှုဖြင့် ပြည်သူများရောဂါ ကူးစက်မှု မခံရစေရေးစဉ်ဆက်မပြက် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်တွင် လူစည်ကားရာနေရာ ဖြစ်သော လွတ်လပ်ရေး ကျောက်တိုင် မီးပွိုင့်လမ်းဆုံ တွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းရယ်မြို့တွင် တိုင်းရင်းသားဘာသာစကားများဖြင့် ကိုဗစ်-၁၉ အသိပညာပေး ဆော်ဩမှုများ ပြုလုပ်
Dec 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု များကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းအဖြစ် ယမန်နေ့ ည  (၇)နာရီ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဆော်ဩမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ကရင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 21,2021
ကရင်ပြည်နယ်၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း PPTT (၇/၂၀၂၀) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က အဆိုပါ ကောလိပ်သီရိ ခန်းမ၌ ကျင်းပသည်။
ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား အများပြည်သူသိရှိနိုင်စေရန် အသိပညာပေးလှည့်လည် နှိုးဆော်
Dec 21,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို ပြည်သူများ အသိ/သတိရှိစွာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာ များအတွင်း ယနေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လိုက်လံ အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
မြင်းမူမြို့နယ်ရုံးတွင် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ Talk Show ကျင်းပ
Dec 21,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က မြင်းမူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။