ပင်းတယ ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဒေသအဆင့်ရုံး (ပင်းတယ) ကလေးစာဖတ်ခန်း၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှာ ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ် ပြိုင်ပွဲအား ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဒေသ အဆင့်ရုံး (ပင်းတယ) မှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်ကြူကြူလှိုင်က ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပေးခဲ့သည်။ ယနေ့ တွင် မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ အား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများကိုအသီးသီး ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
ဆေးရောင်ခြယ်ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေသအဆင့်ရုံး (ပင်းတယ) ရုံးတွင် ပြသထားသည့် ကလေးစာပေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် မှတ်တမ်းဓါတ်ပုံများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ပင်းတယ(ဒေသပြန်/ဆက်)