သတင်းများ

မိုင်းပျဉ်းမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်အား အများပြည်သူများသိရှိစေနိုင်ရန် နံရံကပ်စာစောင်ဆောင်ရွက်ပြသ
Dec 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းပျဉ်းမြို့နယ်ရုံး၌ နိုင်ငံတော်စီ မံအုပ်ချုပ်ရေ ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို နံရံကပ်စာစောင်ဖြင့် ဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။
မုံရွာမြို့နယ်တွင် မြေပဲသီးနှံဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း (IPM)စံပြကွက် ဥကပ်ပါးနဂျီ လွှတ်ခြင်းကွင်းပြပွဲနှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီသော ဘက်စုံပိုးမွှားကာကွယ်ရေး ကွင်းသရုပ်ပြပွဲ ကျင်းပ
Dec 22,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန မုံရွာခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်လွင်ဦးဆောင်ပြီး မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်နှင့် ဝန်ထမ်းများလိုက်ပါ၍ မြေပဲသီးနှံဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း (IPM)စံပြကွက် ဥကပ်ပါးနဂျီလွှတ်ခြင်း ကွင်းပြပွဲနှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီသော ဘက်စုံသီးနှံကာကွယ်ရေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉)နာရီ က မုံရွာမြို့နယ် ရွာတုံကျေးရွာအုပ်စု အောက်စိန်တောကျေးရွာရှိ တောင်သူ ဦးကျော်ဇင်သန့်၏ မြေပဲတစ်ဧကစိုက်ကွက်နှင့် ညောင်ပင်ကျေးရွာအုပ်စု ညောင်ပင်ကျေးရွာ တောင်သူ ဦးလူလေး၏ ခရမ်းတစ်ဧက စိုက်ကွက်တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Dec 22,2021
ဂွမြို့နယ်အတွင်း နိုင်ငံသား အရည်အချင်းပြည့်မှီသူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ အဆိုပါ ကျေးရွာရှိ ကျောက်တောင်ကြီး ဘုန်းကြီးကျောင်းဝန်း ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ် ပန်မတ်ကျေးရွာအုပ်စုတွင် ကျောက်ခင်းလမ်းဆောင်ရွက်
Dec 22,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)၏ ၂၀၂၁-၂၀၂၂ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေး (ပြည်ထောင်စု)ခွင့်ပြုရန်ပုံငွေ ကျပ်(၁၇၀.၇၁၃)သန်းဖြင့်  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးလမ်းမကြီးမှ ပန်မတ်ရွာအဝင်လမ်းပိုင်းတွင် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၆)ဦး ကျန်းမာရေးပြန်လည် ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ
Dec 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၆)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်သောကြောင့်  ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိ၍လက်ရှိတွင်ပြည်သူ့‌ဆေးရုံ၌ ဆေးကုသမှုခံယူသူ (၇)ဦး ကျန်ရှိ‌ကြောင်း  သိရသည်။
အင်္ဂပူမြို့တွင် ပြည်သူများအား phase-5 (ဒုတိယ အကြိမ်) ကိုဗစ်-၁၉ ကာ ကွယ်ဆေးထိုးနှံပေး
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ မိခင်နှင့်ကလေးဆေးပေးခန်း ဆေးထိုးစုရပ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူ များအား Phase-5 (ဒုတိယ အကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များ အသိပေးနှိုးဆော်
Dec 22,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ လူစည်ကားရာလမ်းဆုံ လမ်းခွနေရာများနှင့် စျေးတို့တွင် အသံချဲ့စက်ဖြင့် မွန်/မြန်မာ နှစ်ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်၍ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်
Dec 22,2021
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြသခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကိုဗစ်- ၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။