အင်္ဂပူမြို့တွင် ပြည်သူများအား phase-5 (ဒုတိယ အကြိမ်) ကိုဗစ်-၁၉ ကာ ကွယ်ဆေးထိုးနှံပေး

အင်္ဂပူ၊  ဒီဇင်ဘာ - ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ အမှတ်()ရပ်ကွက်၊ မိခင်နှင့်ကလေးဆေးပေးခန်း ဆေးထိုးစုရပ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူ များအား Phase-5 (ဒုတိယ အကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့နံနက် နာရီအချိန်မှ စတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေး မထိုးရသေးသည့်သူများအား Phase-5 (ဒုတိယ အကြိမ်)အဖြစ် အသက် (၁၈)နှစ်အထက်ရှိသူများ၊ ရဟန်းသံဃာများ၊ သီလရှင်များနှင့်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေးလာရောက် ထိုးနှံသူများကို အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း ဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ခြင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့ဆောင့် ကြပ် ဆောင်ရွက်ပေးပြီး  ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ဌာနဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး ဆေးထိုးစုရပ် (၂၇)နေရာဖွင့်လှစ်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)