ကျိုင်းတုံ ဒီဇင်ဘာ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)၏ ၂၀၂၁-၂၀၂၂ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေး (ပြည်ထောင်စု)ခွင့်ပြုရန်ပုံငွေ ကျပ်(၁၇၀.၇၁၃)သန်းဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးလမ်းမကြီးမှ ပန်မတ်ရွာအဝင်လမ်းပိုင်းတွင် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်မတ်ရွာအဝင် လမ်းပိုင်း အရှည် ၁၃ မိုင် မြေလမ်းတွင် ၆/၄ မိုင် ကျောက်ခင်းခြင်း ဆောင်ရွက်ပြီး ကျန်ရှိသည့် ၆/၄ အနက် (၁/၀)မိုင် ကျောက်ခင်းလုပ်ငန်းများကို တင်ဒါ အောင်မြင်သည် အရှေ့ဘက်ကျိုင်းတုံ ကုမ္ပဏီမှ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
လုပ်ငန်းဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးနိုင်ရန် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့်တာဝန်ရှိသူများ ဒီဇင်ဘာ ၂၁ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါလမ်းဖောက်လုပ်ပြီးစီးပါက ကျိုင်းတုံမြို့နယ်၊ ပန်မတ်ကျေးရွာအုပ်စုရှိ၊ ကျေးရွာ ၂၁ ရွာ၊ အိမ်ခြေ ၅၇၂ အိမ်၊ လူဦးရေ ၃၃၂၈ ဦးအား အကျိုးပြုသည့် လမ်းပိုင်းဖြစ်ပြီး ဒေသအတွင်းရှိ ထွက်ကုန်များအား တင်ပို့ရောင်းချနိုင်သည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)