သတင်းများ

မြစိမ်းရာင်စီမံကိန်းနှင့် VDP စီမံကိန်းရန်ပုံငွေများ ပေးအပ်ပွဲကျင်းပ
Dec 21,2021
ဇေယျာသီရိမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရာင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၁)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၅)ရွာ အား ရန်ပုံငွေလွှဲ ပြောင်းပေးအပ်ပွဲအား ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။
ဂွမြို့နယ် ကင်းပုံကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက်
Dec 21,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကင်းပုံကျေးရွာအုပ်စု၊ ကင်းပုံကျေးရွာသို့ ဂွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဒုလဝကမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ ထုတ်ပေးရေးအတွက် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးအသင်းသားများအား စုဆောင်းငွေအပေါ် အတိုးငွေများ ထုတ်ပေး
Dec 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးအသင်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေ အပေါ် အတိုး ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် ပဒါန်းကျေးရွာ(အ.ထ.က)တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ
Dec 21,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာအခြေခံပညာအထက်တန်း ကျောင်းတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းရှေ့၌ ကျင်းပပြုလုပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဖော်ဆောင်မှု မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်
Dec 21,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက် နံရံကပ်ဘုတ်၌ ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲ ခရိုင်အဆင့် ကျင်းပ
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သုဝဏ္ဏ) ကျောင်း၌ယနေ့၊ နံနက်(၉)နာရီတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲ များကို ခရိုင်အဆင့်ကျင်းပခဲ့ကြောင်းသိရသည်။
နမ့်စန်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်စာဖတ်ဝိုင်းကျင်း
Dec 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ် ၁ နာရီက မက်မွန်မုန်း ကျေးရွာအုပ်စု၊ အမှတ် (၂) ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျင်းပခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 21,2021
မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တာဝန်ခံ ဒေါက်တာစိုင်းမင်းသူနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦနိုင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သဲကုန်းမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။