ဂွ ဒီဇင်ဘာ ၂၂
ဂွမြို့နယ်အတွင်း နိုင်ငံသား အရည်အချင်းပြည့်မှီသူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ အဆိုပါ ကျေးရွာရှိ ကျောက်တောင်ကြီး ဘုန်းကြီးကျောင်းဝန်း ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ အသက်(၁၈)အထက် ကျား(၁၂)ဦး၊ မ(၈)ဦး၊ အသက်(၁၈)အောက် ကျား(၁၂)ဦး၊ မ(၈)ဦး စုစုပေါင်း ကျား(၂၄)ဦး၊ မ(၁၆)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်တွင် လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်