မိုင်းခတ် ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၆)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်သောကြောင့် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိ၍လက်ရှိတွင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသူ (၇)ဦး ကျန်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ(၆)ဦးသည်ဒီဇင်ဘာ ၁၂ ရက်နေ့က ကိုဗစ်-၁၉ရောဂါ အတည် ပြုလူနာအဖြစ် ကျန်းမာရေးဌာနမှ စစ်ဆေးတွေ့ရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့် လူနာဆောင်၌ ၁၀ ရက်ကြာ ဆေးကုသမှုခံယူစေခဲ့ကာ ကျန်းမာရေးစစ်ဆေးချက်အရ ရောဂါ ကင်းစင်သွားပြီဖြစ်သောကြောင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆေးရုံဆင်းခွင့် ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းပြီးနောက်ဆက်လက်၍ မိမိ၏နေအိမ်၌ ခုနှစ်ရက် Home Quarantine နေထိုင်သွားရန် ၊ လူစုလူဝေးဖြင့် နေထိုင်ခြင်းမပြုရန် ၊ကျန်းမာရေးနှင့် ပတ်သက်သော ဆောင်ရန်ရှောင်ရန်များကို သတိပေးမှာကြားခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် ဇူလိုင်လ၁၃ရက်နေ့မှဒီဇင်ဘာလ၂၂ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါအတည်ပြလူနာ(၁၉၃)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၁၈၅)ဦး၊ သေဆုံးသူ(၁)ဦး၊ ဆေး ကုသမှုခံယူနေသူ(၇)ဦးသာ ကျန်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။