သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်များပေးအပ်

သာစည် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်  ကွင်းဆင်းဆောင်ရွက်ထားသည့်  နိုင်ငံသားစိစစ်ရေးကတ်များ  ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကားပြောကြားသည်။  ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မွန်က ပန်းခင်းစီမံချက်၏ ရည်ရွယ်ချက်များ အသိပညာပေးခြင်း ဆောင်ရွက်မှုများ၊ မြို့နယ်အတွင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း အရေးပါမှုများကို  ရှင်းလင်းပြောကြားပြီး  ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေနှင့် ပန်းခင်းစီမံချက်တွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားသည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပန်းခင်းစီမံချက်ဖြင့် နိုဝင်ဘာလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည့် ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်စု ၁၄ အုပ်စု၏  နိုင်ငံသားစိစစ်ရေးကတ် ၁၄၀၅ ကတ်အား ပြည်သူများ လက်ဝယ်အရောက်ထုတ်ပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်သည်။ သာစည်မြို့နယ်တွင် ယနေ့အထိ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ၇၄၁၉ ကတ်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)