မြောက်ဥက္ကလာပမြို့နယ်တွင် ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဘုမ္မာ(၂)လမ်း၊ အိမ်အမှတ် (၅၅၇)ရှိ ပျဉ်ထောင်၊ သွပ်မိုး၊ ပျဉ်ကာ နေအိမ်တွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က ဘုရားမီးပူဇော်ရန် သွယ်တန်းထားသော ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့ ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးပြည့်စုံ ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်(၂၀)ဦးမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ ရေသယ်ယာဉ် (၃)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ ကြောင်း  သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ပျဉ်ထောင်၊ သွပ်မိုး၊ ပျဉ်ကာ နေအိမ်(၂)လုံး မီးလောင်ပျက်စီးခဲ့ ကြောင်း၊ မီးလောင်မှုကြောင့် အသက်(၁၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး မီးဟပ်ခံရ (စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့၍ ထာဝရအလင်းတန်း ပရဟိတလူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပ အထွေထွေရောဂါ ကုဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊

မြမြဝင်း