တံတားဦးမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမ၌ ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်ဆောင်ရွက်
Dec 23,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်းပြီး ၊ ယနေ့နံနက်(၇)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအအခြေပြု ဗဟိုဌာန ( Community Centre )ခန်းမ၌ ဒေသခံ ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားနည်းများကို အလွယ်တကူ သိရှိလေ့လာ လိုက်ပါ ဆောင်ရွက်နိုင်ရန် (Fitness Dance) ကာယလေ့ကျင့်ခန်း အစီအစဉ်များကို သရုပ်ပြဆောင်ရွက်ကြ ကြောင်းသိရသည် ။