မိုးကောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

မိုးကောင်း    ဒီဇင်ဘာ   ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ကို ယနေ့ ၉ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ပြသလျက်ရှိကြောင်း သိရသည်။

ပြသပွဲတွင် သုတ/ရသစာအုပ်ပေါင်း ၅၀ အုပ်ခန့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ချက်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသထားခြင်းဖြစ်ကြောင်းသိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန်နှင့် စာအုပ်စာစောင်များ အခမဲ့လာရောက် ဖတ်ရှုလေ့လာ နိုင်စေရန်ရည်ရွယ်၍ ပြပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသည့် ပြည်သူများလာရောက်ကြည့်ရှုကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)