ထီးချိုင့် ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ အခြေခံစားသောက်ကုန် (၄)မျိုး ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် က ရွှေသင်္ဂဇာကျောင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မင်္ဂလာရန်ကင်းကျောင်းတိုက်ဆရာတော် ဦးစန္ဒသိရိထံမှ ငါးပါးသီလခံယူပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ကာလတွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် ဆွမ်း၊ ကွမ်း ခက်ခဲမှုမရှိစေရန်ရည်ရွယ်၍ ငွေကျပ်(၄၀)သိန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ အခြေခံစားသောက်ကုန် (၄)မျိုးကို ရေစက်ချလှူဒါန်းပေးအပ်ခဲ့သည်။
အဆိုပါပေးအပ်လှူဒါန်းပွဲသို့ မြိုနယ်စီမံခန်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့၀င်များ၊ မြိုနယ်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)