ကံမ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် နောင်ကျင်းပမည့်ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့နေ့လည် ၁ နာရီက မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးသို့သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းသည် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့်အတူ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင် လူဦးရေစာရင်း တိကျမှန်ကန်စေရေး အိမ်ထောင်စုဇယား (၆၆/၆) နှင့် တိုက်ဆိုင်စစ်ဆေးပြီး စာရင်းပြုစုဖြည့် သွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် တွဲဖက်တာဝန်ချထားသည့် ဝန်ထမ်းများအားလုံးမှ ပြည့်စုံမှန်ကန်စွာ စာရင်းဖြည့်သွင်းကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)