အင်္ဂပူမြို့နယ်၊ ထူးကြီးဒေသ၊ တစ်တီတူးကွင်းကျေးရွာအုပ်စု ငပြေမအင်းကျေးရွာအနီးရှိ ဖောက်ချောင်းတာကျိုးပေါက်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

အင်္ဂပူ   ဒီဇင်ဘာ   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးဒေသ၊ တစ်တီတူးကွင်းကျေးရွာအုပ်စု ငပြေမအင်းကျေးရွာအနီးရှိ ၂၀၂၁-၂၀၂၂ Mini ဘဏာရေးနှစ်အတွင်း တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဖောက်ချောင်းတာကျိုးပေါက်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ဖြိုး၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးအောင်ဆန်းဝင်း ဒုဦးစီးမှူး (မြို့ပြ)၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ချောင်းသည် အင်္ဂပူမြို့နယ် မမြချောင်းမှ ချောင်းရေများ အရှိန်ပြင်းစွာစီးဆင်းကာ တစ်တီတူးကွင်း ဖောက်ချောင်းငပြေမ အင်းတာအတွင်းစီးဝင်၍ ၂၀၁၈ ခုနှစ် ဇွန် (၁၂) ရက်နေ့တွင်ပေ (၁၅၀) ခန့်ကျိုးပေါက်ပျက်စီးခဲ့သည်။ ယင်းချောင်းသည် ငပြေမအင်းတောင် ရွာအတွင်းတည်ရှိပြီး ငပြေမအင်းမြောက်ရွာ၊ အရိုးတောင်ရွာ၊ ထောက်ကြံ့ရွာ လယ်မြေများနှင့် ဆက်စပ်လျက် တည်ရှိသည်။

တစ်တီတူးကွင်း ဖောက်ချောင်း ငပြေမအင်းတာကျိုးပေါက်များအား ပိတ်ဆို့ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် ရေစီးရေလာ ကောင်းမွန်စေသည့်အပြင် ငပြေမအင်းမြောက်ရွာ၊ အရိုးတောင်ရွာ၊ ထောက်ကြံ့ရွာများမှ လယ်ယာမြေဧက (၁၀၀၀) ကျော်အား ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည်ဖြစ်ပြီး ဒေသခံတောင်သူများ၏ အကျိုးစီးပွားကို ပိုမိုတိုးတက်စေမည်ဖြစ် ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)