ဝမ်းတွင်းမြို့နယ်၌ ရန်ကုန်-မန္တလေးကားလမ်းမှ သပြေရိုးကျေးရွာအဝင်လမ်း မြေသားတာဘောင် ချဲ့ခြင်းလုပ်ငန်းနှင့် Box-Culvert နှစ်စင်း တည်ဆောက်

ဝမ်းတွင်း ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ရန်ကုန် - မန္တလေးကားလမ်းမှ သပြေရိုးကျေးရွာအဝင်လမ်း မြေသားတာဘောင်ချဲ့ခြင်းလုပ်ငန်းနှင့် Box-Culvert နှစ်စင်း တည်ဆောက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရန်ကုန် - မန္တလေးကားလမ်းမှ သပြေရိုးကျေးရွာအဝင်လမ်း မြေသားတာဘောင်ချဲ့ခြင်းလုပ်ငန်းနှင့် Box - Culvert နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၉၄ ဒသမ ၅၁၀သန်းဖြင့် ဝမ်းတွင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ ဇူလိုင်လ ၁၁ ရက်နေ့မှစတင်၍ လမ်းအရှည် 0.805km မြေသားတာဘောင်ချဲ့ခြင်းလုပ်ငန်းနှင့် Box - Culvert အရှည် 1.52m နှစ်စင်း တည်ဆောက်လျက်ရှိသည်။

အဆိုပါ ရန်ကုန်-မန္တလေးလမ်းမှ သပြေရိုးကျေးရွာအဝင်လမ်း မြေသားတာဘောင်ချဲ့ခြင်းလုပ်ငန်းနှင့် Box - Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းအား မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဉီးကျော်ဇေယျာဝင်း၊ မိထ္တီလာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဉီးသိန်းဝင်းနှင့် ဝမ်းတွင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ (မြို့ပြ) တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

၎င်းလမ်းလုပ်ငန်းအား ဆောင်ရွက်ပြီးစီးပါက အကျိူးပြုကျေးရွာ ရှစ်ရွာ၊ အိမ်ခြေ ၁၀၀၃ အိမ်နှင့် လူဉီးရေ ၄၈၇၄ဉီး တို့အား အကျိုးပြုသွားလာအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။       

မြို့နယ်(ပြန်ဆက်)