ရွှေတောင်မြို့တွင် ပန်းခင်းစီမံချက် အသိပညာပေးဟောပြောပွဲနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်

ရွှေတောင် ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူ လူထုအားပန်းခင်းစီမံချက် အသိပညာပေး ဟောပြောပွဲနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ကြာနီကန် ရပ်ကွက် သာသနာ့ဗိမာန်တွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးမှပန်းခင်းစီမံချက်လုပ်ငန်းစဥ်များအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝင်ကြီးဌာ နရွှေတောင်မြို့နယ်ဦးစီးမှူးတို့က ( ၂၂- ၁၂ - ၂၀၂၁) မှ ( ၃၀ - ၁၂ - ၂၀၂၁) ရက် နေ့အထိပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပြီးသော ကျေးရွာအုပ်စု ( ၁၁)အုပ်စု၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား (၄၀၀) ကတ်ပြားအားပေးအပ်ခဲ့သည်။ ထို့နောက်ပြည်သူတစ်ဦးမှကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ရွှေတောင်မြို့နယ်အတွင်းပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၉၈၉) ကတ်ပြား ထုတ်ပေးပြီးကြောင်း မြို့နယ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှသိရသည်။

 

ကိုကိုမင်း( ပြန်/ဆက်)