မိုင်းယောင်း ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက လာရောက်ထိုးနှံကြကြောင်း သိရသည်။
စတုတ္ထအသုတ် ဒုတိယကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SINOPHARM)ကို ဒေသခံ ပြည်သူ ၁၇၈၀ ဦး၊ ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SINOVAC)ကို အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လေးဦးတို့အား ထိုးနှံပေးခြင်း ဖြစ်ပြီး ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း